Myanmar
မြန်မာနိုင်ငံတွင် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများတွင် ပါဝင်ဆောင်ရွက်နေသူ တရုတ်နိုင်ငံသား၂၀၀ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ပြန်လည်လွှဲပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
![](https://xinhuamyanmar.com/wp-content/uploads/2025/02/15n01.jpg)
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း တရုတ်နိုင်ငံသား ၂၀၀ ဦးအား ဖေဖော်ဝါရီ ၁၄ ရက်က ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
၎င်းတို့အနက် အချို့မှာ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်ရန် ယင်းနေရာသို့ သွားရောက်ခဲ့ကြကြောင်းနှင့် အခြားသူများမှာမူ ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မလူကုန်ကူးခြင်းခံရသူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်၍ ဖော်ထုတ်ဖမ်းဆီးရမိသူများအား တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံအစိုးရသည် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားနှင့် မှုခင်းများ၌ ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားသားများကို လျင်မြန်စွာ စိစစ်ဖော်ထုတ်နိုင်ရေးအတွက် တက်ကြစွာ ဆောင်ရွက်လျက်ရှိသလို ဖော်ထုတ်ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများထံ ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းကိုလည်း သက်ဆိုင်ရာနိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/15n02.jpg)
မြန်မာနိုင်ငံတွင် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများမှ ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိသူများအား စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ – Information Team)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/15n03.jpg)
မြန်မာနိုင်ငံတွင် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများမှ ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိသူများအား စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ – Information Team)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/15n04.jpg)
မြန်မာနိုင်ငံတွင် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများမှ ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိသူများအား စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ – Information Team)