Connect with us

Myanmar

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၇၃ ဦးကို ထပ်မံစစ်ဆေး ဖမ်းဆီး

မြန်မာနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများအား စစ်ဆေးဖော်ထုတ်မှုပြုလုပ်စဉ် (ဓာတ်ပုံ-Information Team)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၂၇၃ ဦးကို ဖေဖော်၀ါရီ ၁၇ ရက်တွင် ထပ်ံမံစစ်ဆေးဖမ်းဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများသည် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်နေကြသူများဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက် အထိ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် နိုင်ငံခြားသား စုစုပေါင်း ၁,၃၀၃ ဦးကို စစ်ဆေးဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းမှာမြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသများတွင် တရားမဝင်အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုနှင့် ရာဇ၀တ်မှုများကို နှိမ်နင်းဆောင်ရွက်လျက်ရှိသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)