Connect with us

Myanmar

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

– မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ (၁၈/၂/၂၀၂၅-MOI)

– အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ နဝမအကြိမ် အစည်းအဝေးကျင်းပ (၁၈/၂/၂၀၂၅-MOI)

– ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် (၉) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့ (၁၈/၂/၂၀၂၅-MOI)

-စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ MSMEs စီးပွားရေးလုပ် ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေးခြင်း၊ မုံရွာကုန်စည်ဒိုင်အတွင်း ပဲမျိုးစုံ ရောင်းဝယ်နေမှုများအား ကြည့်ရှုခြင်းနှင့် မုံရွာကုန်စည်ဒိုင်အသင်းအဖွဲ့များနှင့်တွေ့ဆုံ (၁၈/၂/၂၀၂၅-MOI)

-ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ 27th Expo Electronica 2025 and ExpoCifra 2025 ပြပွဲကို ဧပြီလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပမည် (၁၈/၂/၂၀၂၅-MRTV)

-သရေခေတ္တရာပျူမြို့ဟောင်းအတွင်း နန်းတော်ရာအရှေ့ဘက်နှင့် အနောက်ဘက်ကျုံး ပြန်လည်တူးဖော်နေမှုများ ဆောင်ရွက်လျက်ရှိ (၁၈/၂/၂၀၂၅-MRTV)

-မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၇၃ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့ (၁၈/၂/၂၀၂၅-မြဝတီ)

-မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး အစည်းအဝေး (၁၈/၂/၂၀၂၅-MOI)

-(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ပါဝင် ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက် (၁၈/၂/၂၀၂၅-MOI)

-မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို အများပြည်သူသိရှိစေရန် အမျိုးသားပြတိုက်တွင် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုပြုလုပ် (၁၇/၂/၂၀၂၅ -MRTV)

-ပြည်ပနိုင်ငံသားများ သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး မြန်မာ-တရုတ်-ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များက ဆွေးနွေးညှိနှိုင်းလျက်ရှိ (၁၇/၂/၂၀၂၅ – မြဝတီ)