Myanmar
မြန်မာနိုင်ငံ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ဘိန်းစိုက်ခင်း ဧက ၃၀ ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်၀ါရီ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ ဘိန်းခင်း ဧက ၃၀ ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့ကြောင်း ယနေ့ (ဖေဖော်၀ါရီ ၁၈ ရက်) ထုတ် နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသော သတင်းများအရ သိရသည်။
အဆိုပါ ဘိန်းစိုက်ခင်းများသည် ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့ တွင် တည်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ သတ်ဆိုင်ရာ အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ အဆိုပါ ဘိန်းစိုက်ခင်းများရှိသည့် နေရာ ၃ ခုမှ ဘိန်းခင်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် ဘိန်းခင်းများကို နှိမ်နင်းရန် ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)