Connect with us

Agriculture

မြန်မာနိုင်ငံ၌ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ကြံသီးနှံ နည်းပညာသင်တန်းဖွင့်လှစ်

နေပြည်တော်တွင် ဖွင့်လှစ်သော ကြံသီးနှံနည်းပညာသင်တန်း အခမ်းအနားအား တွေ့ရစဥ်( ဓာတ်ပုံ-MRTV)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂) စီမံကိန်းဖြင့် ကြံသီးနှံ နည်းပညာသင်တန်းနေပြည်တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့(ဖေဖော်ဝါရီ ၁၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ    သင်တန်းကာလအတွင်း တရုတ်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များက ကြံသီးနှံနည်းပညာဆိုင်ရာများကို အွန်လိုင်းကဟောပြောပွဲကို ပို့ချသွားမည်ဖြစ်ပြီး ကြံမျိုးစေ့ ပျိုးထောင်ခြင်း၊ ဇီဝနည်းပညာဖြင့် ကြံစိုက်ပျိုးခြင်း၊ ကြံတစ်သျှူးများ ပျိုးထောင်ခြင်း၊ ကြံမျိုးကောင်း စိုက်ပျိုးရေးနှင့် လျင်မြန်စွာမျိုးပွားခြင်း၊ ကြံပိုးမွှားများနှင့် ပေါင်းပင်မြက်ပင်များအား ပိုးသတ်ဆေးဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ ကြံမျိုးကောင်းများ ထွက်ရှိနိုင်ရေးနှင့် စပ်လျဥ်း၍ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းတွင် ကြံပင်ကောင်းမွန်မြန်ဆန်စွာ စိုက်ပျိုးရေးစက်ယန္တရားအသုံးပြုခြင်းနှင့် ရေရှည်တည်တံ့သော ကြံစိုက်ပျိုးရေးအဖြစ် ဖော်ဆောင်ခြင်း၊ ကြံဇီ၀နည်းပညာ၊ ကြံသီးနှံ ကာကွယ်ရေး ကြံလမိုင်းပြုပြင်စိုက်ပျိုးရေး စနစ်တကျစီမံခန့်ခွဲမှုစသည့် နည်းပညာများကိုလည်း ပို့ချမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသားများ၊ တရုတ်နိုင်ငံ တက်ဟုန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲစိုက်ပျိုးရေးဌာနမှ တာ၀န်ခံဌာနမှူးနှင့် အခြားသက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ သကြားဌာနခွဲသည် ရေရှည်ကြံစိုက်ပျိုးထုတ်လုပ်မှုကို ပံ့ပိုးပေးရန်အတွက် ခေတ်မီနည်းပညာနှင့် အရည်အသွေးကောင်းမွန်သော ကြံဖြန့်ဖြူးခြင်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ (Xinhua)