Connect with us

Myanmar

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-တောင်တွင်းကြီးမြို့နယ်တွင်ကျင်းပသည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရီပျံချီဦးတင့်လွင် တက်ရောက် (၂၀/၂/၂၀၂၅ – MOI)

-အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၀၀) ထပ်မံလွှဲပြောင်းပေးအပ် (၂၀/၂/၂၀၂၅ – MOI)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂ဝ၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား (၁၉/၂/၂၀၂၅ – MOI)

-ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေ ရရှိရေးလုပ်ငန်းများကို ကျေးရွာ (၃) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ (၂၀/၂/၂၀၂၅ – MRTV)

-ကလေးခရိုင်တွင် ဆီမုန်ညင်းနှင့် ပန်းနှမ်း (၁၇၂၂၈) ဧက စိုက်ပျိုးပြီးစီး
လျာထားဧကထက် ပိုမို စိုက်ပျိုးနိုင်ခဲ့ (၂၀/၂/၂၀၂၅ – MRTV)

-လပွတ္တာမြို့နယ်တွင် ပင်လယ်ငါးခြောက်များ အရောင်းအဝယ်ကောင်းမွန်နေ (၂၀/၂/၂၀၂၅ – MRTV)

-ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ထိုင်းဘေးကျားစပါး တင်းရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့ (၂၀/၂/၂၀၂၅ – MRTV)

-မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄)အစီအစဉ်ဖြင့် ဒစ်ဂျစ်တယ် အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်လှစ် (၂၀/၂/၂၀၂၅ – MRTV)

-နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ယခင်ရရှိခဲ့သည့် အောင်မြင်မှုများအတိုင်း ပြန်လည်ရရှိစေရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် (၂၀/၂/၂၀၂၅ – မြန်မာ့အလင်း)

-ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်းတွင် ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက် ပိုမိုပါဝင်မှုမရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန် ဆက်စပ်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြရမည်(၂၀/၂/၂၀၂၅ – မြန်မာ့အလင်း)

-(၈၇) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ (၂၀/၂/၂၀၂၅ – မြန်မာ့အလင်း)