Connect with us

Myanmar

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးတွင် ဘိန်းဖြူ ၃.၉၉ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအနီးတွင် ဘိန်းဖြူ ၃.၉၉ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ (မတ် ၁၀ ရက်) CCDAC MYANMAR က ထုတ်ပြန်သော သတင်းအရ သိရသည်။

အကောက်ခွန်ဦးစီးဌာနမှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၅ ရက်က အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအနီးတွင်
NISSAN DIESEL အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသော ဆိုင်ကယ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၃.၉၉ ကီလိုဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၉၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသားနှစ်ဦးအား အမရပူရမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)