Connect with us

Myanmar

၂၀၂၅ ခုနှစ် မတ် ၁၂ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-မန္တလေးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ (၁၂/၃/၂၀၂၅- MOI)

-နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခုနှစ်နွေသီးနှံရာသီတွင် ဆည်၊ ကန်၊ ရေလှောင်တမံများမှ နွေစပါး (၃၉,၃၇၉)ဧကနှင့် အခြားနွေသီးနှံ (၁၄,၈၀၀)ဧကအား လျာထားစိုက်ပျိုးလျက်ရှိ (၁၂/၃/၂၀၂၅- MRTV)

-မတ်လ (၂၀)ရက်နေ့မှစ၍ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားသည့် OWIC ကတ် များအား အတည်ပြုအလုပ်ခေါ်စာ တင်ပြရက်စွဲအစဉ်လိုက် ပြန်လည်ထုတ်ပေးမည် (၁၂/၃/၂၀၂၅- MRTV)

-၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်
စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ လက်ရည်ဆန်းစစ်ပြိုင်ပွဲ ကျင်းပ (၁၂/၃/၂၀၂၅- MRTV)

-ကျေးသီးမြို့၌ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနား ကျင်းပ (၁၂/၃/၂၀၂၅- MOI)

-စက်မှုဇုန်များအား သတ်မှတ်ချက်များနှင့်အညီ စက်မှုဇုန်အဖြစ် ကြေညာနိုင်ရန်အတွက် Cross Check စစ်ဆေးခြင်း လုပ်ငန်းများ၊ ပြည်ထောင်စုအဆင့် MSME ကုန်စည် ပြပွဲ/ပြိုင်ပွဲ (MSME Expo) ကျင်းပပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ (၁၂/၃/၂၀၂၅- MOI)

-ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲ ၂၄၁ ဧက ရိတ်သိမ်းပြီးစီး (၁၂/၃/၂၀၂၅- MOI)

-POLYTECHNIC UNIVERSITY (MAUBIN)၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားဆောင်ရွက်မှု အခမ်းအနား ကျင်းပ (၁၂/၃/၂၀၂၅- MRTV)