Connect with us

Myanmar

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေး၀ါးများနှင့်အတူ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား
ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလိုဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR က ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဂိုဒေါင်တစ်လုံးအား မတ် ၆ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ICE (စိတ်ကြွဆေးပြား) ၁ . ၂ တန်နှင့်အတူ အမျိုးသား ငါးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း မော်တော်ယာဉ်တစ်စီးအား ရှာဖွေရာအိုက်စ် ၁.၂၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလိုဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊
အဆိုပါနေ့တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း အိုက်စ်တစ်တန် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မလေးရှားရေပိုင်နက်သို့ ပို့ဆောင်ရန် ရည်ရွယ်ထားကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

ယင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးသည် ခန့်မှန်းခြေအားဖြင့် ကျပ် ၉၆.၆၂၅ ဘီလီယံ ရှိကြောင်း သိရသည်။

ယင်းဖမ်းဆီးရမိသော မှုးယစ်ဆေး၀ါးများနှင့် ပတ်သက်ပြီး ဆက်စပ်တရားခံ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မူးယစ်ဆေး၀ါးများနှင့် အတူ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.