Connect with us

Myanmar

၂၀၂၅ ခုနှစ် မတ် ၅ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအပြန်အလှန် ပူးတွဲကြေညာချက်များနှင့် ပြောကြားချက်များ (၅/၃/၂၀၂၅-မြ၀တီ)

-လာမည့်ရက်ပိုင်းအတွင်းကျင်းပမည့် ONE MMA ပြိုင်ပွဲများတွင် မြန်မာဖိုက်တာ (၃)ဦး၏ တွဲဆိုင်းများပါဝင်မည် (၅/၃/၂၀၂၅-MRTV)

– ရတနာပူရမြန်မာ့လက်မှုနှင့် အနုပညာဗိမာန်တွင် ကျောက်စိမ်း၊ အင်ကြင်းကျောက်၊ ထန်းကျောက်များဖြင့် ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများ ရောင်းချပေးလျက်ရှိ (၅/၃/၂၀၂၅-MRTV)

– သဘာဝဘေးရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးတောင်သူ (၅၇)ဦးအတွက် ဒေသနွား (၂၅၄)ကောင် ထောက်ပံ့ပေးအပ် (၅/၃/၂၀၂၅-MRTV)

– မြန်မာနိုင်ငံ၏အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်နှင့် ရန်ကုန်မြစ်အတွင်းသို့ နေ့စဉ်ပလတ်စတစ်စွန့်ပစ်ပစ္စည်း စုစုပေါင်း (၁၁၉)တန်ခန့် စီးဝင်နေပြီး မြစ်အတွင်းသို့ ပလတ်စတစ်စွန့်ပစ်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလျက်ရှိ (၅/၃/၂၀၂၅-MRTV)

-တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ (၅/၃/၂၀၂၅-MOI)

-ပဲခူးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တို့တွင် ငွေကျပ် (၂၅ ဒသမ ၅၈) ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို(၇ဝဝ)နှင့် ဘိန်းဖြူဘလောက်တုံး (၄၈၀) အလေးချိန် (၁၆၈)ကီလို ဖမ်းဆီးရမိ (၄/၃/၂၀၂၅-MRTV)

-သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(၂၀၂၀) စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(၂၀၂၂) ၏ မဲခေါင်ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

– ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးခုံးမ ပိဿာချိန် (၇၃,ဝဝဝ) ထိ တင်ပို့ရောင်းချနိုင်ခဲ့ (၅/၃/၂၀၂၅-MRTV)

– မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့် နေရောင်ခြည် အလင်းစွမ်းအင်သုံး လျှပ်စစ်စွမ်းအင်ထုတ်စက်များ၏ စွမ်းဆောင်ရည် ဆိုင်ရာ သုတေသန စီမံကိန်းပြုလုပ်ခဲ့ (၅/၃/၂၀၂၅-MRTV)

– ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ကျင်းပ (၅/၃/၂၀၂၅-MRTV)