Connect with us

Myanmar

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ပမာဏ အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (မတ် ၅ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၃၉/၄) မိုင်အနီး ရပ်တန့်ထားသည့် ယာဉ်တစ်စီးအား ဖေဖော်ဝါရီ ၁၆ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရှာဖွေရာ ICE (စိတ်ကြွဆေး) ၄၄၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ICE ၇၀၀ ကီလိုဂရမ် ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ICE ၂၆၀ ကီလိုဂရမ်နှင့် အလေးချိန် ၁၆၈ ကီလိုဂရမ်ရှိသော ဘိန်းဖြူဘလောက်တုံး ၄၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့် ဆက်နွှယ်သူများကို တည်ဆဲဥပဒေအရ အရေးယူထားပြီး မူးယစ်ဆေး၀ါးနှင့် ဆက်စပ်သူများအား ထပ်မံ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117