Connect with us

Myanmar

မြန်မာနိုင်ငံ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ဘိန်းစိုက်ခင်း ၁၁၃ ဧက ဖျက်ဆီး

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ဘိန်းစိုက်ခင်း ၁၁၃ ဧကကို ရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (မတ် ၆ ရက်) ထုတ်ပြန်သောသတင်းများအရ သိရသည်။
အဆိုပါ ဘိန်းစိုက်ခင်းများကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ပူးပေါင်း ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း မြို့နယ်အတွင်း ကျန်ရှိသည့် ဘိန်းစိုက်ခင်းများကို ဆက်လက်ဖျက်ဆီးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)