Connect with us

Myanmar

မြန်မာနိုင်ငံ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ငွေကျပ် ၁ ဒသမ ၁၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၁၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR က ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၉ ရက် ညနေ ၃ နာရီခွဲအချိန် တာချီလိတ်မြို့အတွင်း သတင်းအရ စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်ရန်ရောက်ရှိလာသော အမျိုးသား ၄ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၆၀၂,၀၀၀ ပြား၊ Vigo ၊ LEXUS ၊ CROWN မော်တော်ယာဉ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီအချိန် စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချခဲ့သူ အမျိုးသားတစ်ဦး အား တာချီလိတ်မြို့အတွင်း အလေးချိန် ၂ ဒသမ ၄၅ ကီလိုဂရမ်၊အိုက်စ်(မက်သ်အဖက်တမင်း) ၆ ကီလိုဂရမ် ၊စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၀၀၀ ပြား၊ ဘိန်း ၂၈ ဒသမ ၅ ကီလိုဂရမ်၊ ကက်တမင်း ၁၀၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင်အသုံးပြုသည့် WY တံဆိပ်ပါမို ၁၈ စုံ၊ ပစ္စတိုသေနတ် ၃ လက်၊ ကျည်မျိုးစုံ ၇၂၈ တောင့်၊ မော်တော်ယာဉ် ၃ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.