Connect with us

Myanmar

၂၀၂၅ ခုနှစ် မေ ၁၉ ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-ခွေးရူးပြန်ရောဂါသည် လူအယောက်(၁၀၀)တွင် (၉၉)ယောက်သေသည်အထိ ပြင်းထန်သောကြောင့် သတိထားရန် လိုအပ် (၁၉/၅/၂၀၂၅-MRTV)

-တပ်ကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကျီးပင်ကျေးရွာ အနိမ့်ပိုင်းလူနေအိမ်များ ရေဝင်ရောက်ပြီး ညနေပိုင်းတွင် ရေပြန်လည်ကျဆင်း (၁၉/၅/၂၀၂၅-MRTV)

-ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (တောင်ကြီး-ဟိုပုံး) မိုင်တိုင်အမှတ် ၁၁၆/၃-၁၁၆/၄ မိုင်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး (၁၉/၅/၂၀၂၅-MRTV)

-ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်ကျားမျိုးစိတ်များ မိုးယွန်းကြီးအင်းသို့ ကောင်ရေ ၅၀၀ ခန့် ဝင်ရောက်ကျက်စားလျက်ရှိ(၁၉/၅/၂၀၂၅-MRTV)

-ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ ရှေးဟောင်းအဆောက်အအုံ (၁၁၈)ခု ပျက်စီးခဲ့ (၁၉/၅/၂၀၂၅-MRTV)

-၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ငါးသားပေါက်ကောင်ရေ (၃၉၁.၂၈၉) သိန်း မျိုးစိုက်ထည့်နိုင်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ငါးသားပေါက်ကောင်ရေ (၃၈၀) ကျော်ကို မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိ (၁၉/၅/၂၀၂၅-MRTV)

-ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာသီးနှံ (၁,၀၄၆) ဧက လျာထားစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ (၁၉/၅/၂၀၂၅-MRTV)

-ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းပြီး အနံ့အရသာကောင်းမွန်စေရေးနှင့် အရည်အသွေးပြည့်မီသော ဒေသထွက်ပေါ်ဆန်းဆန်များ ထွက်ရှိစေရေးအတွက် ဆောင်ရွက်သွားမည် (၁၉/၅/၂၀၂၅-MRTV)

-ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးသတင်းအချက်အလက်များ အသုံးပြု၍ ကာကွယ်ဆေးထိုးလုပ်ငန်းများ တစ်နိုင်ငံလုံးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးဆောင်ရွက်သွားမည် (၁၉/၅/၂၀၂၅-MRTV)

-ရှမ်းပြည်နယ်အတွင်း ဘိလပ်မြေစက်ရုံ (၃)ရုံရှိပြီး တောင်ကြီးမြို့နယ်ရှိ ရှမ်းရိုးမဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိ (၁၉/၅/၂၀၂၅-MRTV)