Connect with us

Myanmar

၂၀၂၅ ခုနှစ် မေ ၂၀ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ကျောက်ဆည်မြို့နယ်တွင် ရေရရှိရေးနည်းလမ်းဖြင့် စိုက်ပျိုးထားသည့် နွေနှမ်း(၄၄၂၀၆)ဧက အောင်မြင်ဖြစ်ထွန်းလျက်ရှိ (၂၀/၅/၂၀၂၅- MRTV)

-နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ တာလံရပ်ကွက်ရှိ ၃ ဧက ကျယ်ဝန်းသော စိမ့်တောနေရာအား အများပြည်သူ အနားယူအပန်းဖြေနိုင်သော အလှကန်အဖြစ် ပြောင်းလဲ တည်ဆောက် (၂၀/၅/၂၀၂၅- MRTV)

-ရှေးဟောင်းရေနွေးငွေ့သုံး မီးရထား ကလော- ရွှေညောင် ရထားလမ်းပိုင်း ပြေးဆွဲမည် (၂၀/၅/၂၀၂၅- MRTV)

-ရန်ကုန်စတော့အိတ်ချိန်းတွင် တစ်ပတ်တာကာလအတွင်း ငွေကျပ် (၁၀၈) သန်းကျော်တန်ဖိုးရှိ စတော့ရှယ်ယာအစောင် (၃၀,၀၀၀) ကျော် အရောင်းအဝယ်ဖြစ်ခဲ့ (၂၀/၅/၂၀၂၅- MRTV)

-ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ယခုနှစ် ဧပြီလအတွင်း ယာဉ်မတော်တဆမှု (၁၃) မှု ဖြစ်ပွားခဲ့ကြောင်း (၂၀/၅/၂၀၂၅- MRTV)

-အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းမှ စီမံကိန်းလုပ်ငန်းများအားလုံး၏ ၈ ဒသမ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ် (၂၀/၅/၂၀၂၅- MRTV)

-မြန်မာ့လက်မှုအနုပညာ လက်မှုလုပ်ငန်း ပုဂံဒေသထွက် ယွန်းထည်ပစ္စည်းများ အရောင်းအဝယ်ပါးသော်လည်း ယွန်းလုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိ (၂၀/၅/၂၀၂၅- MRTV)

-မြန်မာ့အကောင်းဆုံးလက်ရွေးစင်များကို ရွေးချယ်စေလွှတ်မည့် National Esports Championship ပြိုင်ပွဲ ကျင်းပမည် (၂၀/၅/၂၀၂၅- မြန်မာ့အလင်း)

-အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ယူဂန်ဒါနိုင်ငံသား ၂၆ ဦး သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ် (၁၉/၅/၂၀၂၅-မြန်မာ့အလင်း)