Myanmar
၂၀၂၅ ခုနှစ် မေ ၂၁ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအနက် ၁,၇ဝဝ ကျော်ကို ပထမဦးစားပေးအဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မည် (၂၁/၅/၂၀၂၅-MRTV)
-ယခုနှစ် သရက်သီးပေါ်ချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှထွက်ရှိသော စိန်တစ်လုံးသရက်သီးများ အရောင်းအဝယ်သွက်လျက်ရှိ (၂၁/၅/၂၀၂၅-MRTV)
-ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် မြေပဲနှင့် နှမ်းကို စံပြကွက် (၃၅) ဧကစီ စိုက်ပျိုးပြသထားကာ ထွက်ရှိလာသည့်သီးနှံများကို မျိုးသန့်ပြန့်ပွားရေးအဖြစ် မျိုးများပြန်လည်ဖြန့်ဝေပေးသွားမည် (၂၁/၅/၂၀၂၅-MRTV)
-ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ခုနှစ်၊ မေလ (၁၉) ရက် နေ့အထိ ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် (၁,၁၇၀,၀၀၀)ကျော်ဝင်ရောက်ခဲ့ (၂၁/၅/၂၀၂၅-MRTV)
-ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျည်တောင်-သာယာဝှမ်း တံတားနှင့် ယာယီဝန်ထမ်းအိမ်ရာများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး(၂၁/၅/၂၀၂၅-မြန်မာ့အလင်း)
-အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၃၁ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၃ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ (၂၁/၅/၂၀၂၅-မြန်မာ့အလင်း)
-မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများ ဆက်လက်ရောင်းချပေးလျက်ရှိ (၂၁/၅/၂၀၂၅-မြန်မာ့အလင်း)
-အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ (၂၁/၅/၂၀၂၅-မြန်မာ့အလင်း)
-ပြန်လည်နေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများစစ်ဆေး၊ စားသောက်ဖွယ်ရာများနှင့် အိမ်သုံးဆေးဝါးများ ထောက်ပံ့ပေးအပ် (၂၁/၅/၂၀၂၅-မြန်မာ့အလင်း)
-မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သော သာသနိကအဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် ဖွဲ့စည်းထားသောနည်းပညာဆိုင်ရာပညာရှင်အဖွဲ့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ (၂၁/၅/၂၀၂၅-MOI)