Connect with us

Education & Health

မြန်မာနိုင်ငံတွင် ဇန်နဝါရီလ မှ မေလအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၆၀ ကျော်ရှိ

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုက်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၀ ရက်နေ့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၈၆၀ ကျော်နှင့် သေဆုံးသူ ၄ ဦးရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းများအရ သိရသည်။
၂၀၂၄ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၆,၄၀၀)ကျော်ရှိပြီး သေဆုံးသူ (၁၅) ဦး ရှိခဲ့ရာ ထိုနှစ် အလားတူကာလနှင့် နှိုင်းယှဥ်ပါက ယခုရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အရေအတွက်မှာလျော့နည်းသွားကြောင်း သိရသည်၊
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် ခြင်မှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရောဂါပြန့်ပွားမှုကို တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။ (Xinhua)

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုက်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MOI)