Connect with us

Myanmar

၂၀၂၅ ခုနှစ် မေ ၂၃ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-လူမှုဖူလုံရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် ခြောက်ခုရှိ အကျုံးဝင်မှတ်ပုံတင်ထားသည့် ငလျင်ဒဏ်သင့် အာမခံအလုပ်သမား(၂၇၈၅၁၅)ဦးအား လုပ်ခလစာပေါ်မူတည်၍ အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်း ထောက်ပံ့ပေးမည် (၂၃/၅/၂၀၂၅-MRTV)
-ကွမ်တုံနှင့် မကာအိုဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ(၂၀၂၅)တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသရန် ဖိတ်ခေါ် (၂၃/၅/၂၀၂၅-MRTV)
-ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကို မေလ (၃၀)ရက်နေ့နှင့် (၃၁)ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ် (၂၃/၅/၂၀၂၅-MRTV)
-နယ်စပ်ရေးရာဝန်ကြီးဌာနရှိ ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများအား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သော ယာယီဘာရှာ အဆောက်အဦများသို့ ပြောင်းရွှေ့နေရာချထားမှုများ ဆောင်ရွက် (၂၃/၅/၂၀၂၅-MRTV)
-မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် BREP အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ (၂၃/၅/၂၀၂၅-MRTV)
-အစိုးရ – ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ (၂၃/၅/၂၀၂၅-မြန်မာ့အလင်း)
-မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ (၂၀၂၅- ၂၀၂၆)ပညာသင်နှစ်အတွက် မြန်မာအမျိုးသားဘောလုံး အကယ်ဒမီများ၏ နောက်ဆုံးအဆင့်ရွေးချယ် (၂၃/၅/၂၀၂၅-MRTV)

-အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုပီးယားနိုင်ငံသား (၁၅၁)ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ် (၂၃/၅/၂၀၂၅-MOI)

-ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး မြန်မာ-တရုတ်နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း (၂၃/၅/၂၀၂၅-MOI)