Connect with us

Myanmar

၂၀၂၅ ခုနှစ် မေ ၂၇ ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် ပျိုးပင်ပေါင်း (၂,၅၃၀,၀၀၀)ကျော် စိုက်ပျိုးသွားမည် (၂၇/၅/၂၀၂၅-MRTV)
-အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၅)ဦးကို မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံ လွှဲပြောင်းပေးအပ် (၂၇/၅/၂၀၂၅-MRTV)
-ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် ၁၅၀၀ အထိရှိလာ (၂၇/၅/၂၀၂၅-MRTV)
-၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် မကွေးမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ (၃၉,၁၀၇)ဦး ကျောင်းအပ်နှံပြီးဖြစ် (၂၇/၅/၂၀၂၅-MRTV)
-မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ငွေကျပ် (၅၃၈.၂၁)ဘီလီယံ ထုတ်ချေးရန်လျာထားပြီး (၁၁.၃၆၂)ဘီလီယံ ထုတ်ချေးပြီး (၂၇/၅/၂၀၂၅-MRTV)
-ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ရှိ (WilMar) ဝေမာပေါင်းဆန်စက်ရုံမှ အရည်အသွေးကောင်းသည့် ပေါင်းဆန်များအား ဥရောပနိုင်ငံများသို့တင်ပို့လျက်ရှိ (၂၇/၅/၂၀၂၅-MRTV)
-၂၀၂၅ ခုနှစ်အမျိုးသားတံခွန်စိုက်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ရှိ သိမ်ဖြူတင်းနစ်ကွင်းတွင် ကျင်းပ (၂၇/၅/၂၀၂၅-MRTV)
-ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေတော်မိုးတော် မိုးစပါးစိုက်ဧကများအားလုံးတွင် ပိုက်ဆံလျှော်များ ထည့်သွင်းစိုက်ပျိုးသွားမည် (၂၇/၅/၂၀၂၅-MRTV)
-၂၀၂၅ ခုနှစ် မိုးရာသီတွင် သစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲတော်များ အပါအဝင် ပျိုးပင်ပေါင်း (၂၂)သန်းကျော် ဖြန့်ဝေစိုက်ပျိုးပေးသွားမည် (၂၇/၅/၂၀၂၅-MRTV)