Myanmar
၂၀၂၅ ခုနှစ် မေ ၂၈ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစိမ်းရောင်အတိုးရငွေဖြင့် လုပ်ငန်းပေါင်း (၁၂၅၁) ခုကို ဆောင်ရွက်ပေးထား (၂၈/၅/၂၀၂၅-MRTV)
-မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီကာလ အပင်ပေါင်း (၂,၅၃၀,၀၀၀) ကျော်စိုက်ပျိုးမည် (၂၈/၅/၂၀၂၅-MRTV)
-CAFE SHOW CHINA 2025 ပြပွဲတွင် မြန်မာနိုင်ငံမှ ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ် (၂၈/၅/၂၀၂၅-MRTV)
-ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်အကောင် သိန်း ၃၈၀ ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိ (၂၈/၅/၂၀၂၅-MRTV)
-ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ဒေသနှင့်ကိုက်ညီသည့် ကြီးမြန်သစ်ပင်ပေါင်း (၂၁၅,၀၀၀)ပင် စိုက်ပျိုးသွားမည် (၂၈/၅/၂၀၂၅-MRTV)
-ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ခုနှစ်၊ မေလ (၁၉)ရက်နေ့အထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၁,၁၇၀,၀၀၀)ကျော်ဝင်ရောက် (၂၈/၅/၂၀၂၅-MRTV)
-ကျိုင်းတုံမြို့၌ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနသင်တန်းကျောင်း အဆောက်အဦဖွင့်ပွဲနှင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ ကျင်းပ (၂၈/၅/၂၀၂၅-MOI)
-တောင်သူ(၁၂၀)ဦးအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်(၁၀၉၆ ဒဿမ ၅၀)သိန်း ထုတ်ချေး (၂၈/၅/၂၀၂၅-MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးရုံးအဆောက်အဦများအား ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ လမ်းညွှန်မှာကြား (၂၇/၅/၂၀၂၅-မြန်မာ့အလင်း)
-အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၆၇) ဦး ထပ်မံလွှဲပြောင်းပေးအပ် (၂၇/၅/၂၀၂၅-မြန်မာ့အလင်း)