Myanmar
၂၀၂၅ ခုနှစ် မေ ၂၉ ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း မဲခေါင်_လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သော Center for Tourism Development-Keng Tung သင်တန်းကျောင်းဖွင့်ပွဲနှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲသို့ တက်ရောက် (၂၉/၅/၂၀၂၅-MOI)
-ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း တစ်ထောင်နှစ်ရာနှစ်ဆယ်ဦးအတွက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုတို့ကို အတည်ပြုပေး (၂၉/၅/၂၀၂၅-MOI)
-(၂၀၂၅) ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲကို ရန်ကုန်မြို့၊ အင်းယားလမ်းရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တွင် ကျင်းပ (၂၉/၅/၂၀၂၅-MRTV)
-စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်ရှိ မြေသားရေလှောင်ကန်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် သိန်းပေါင်း ၁၅၀ ဖြင့် ကန်ဆည်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ (၂၉/၅/၂၀၂၅-MRTV)
-ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ဧပြီလအတွင်း ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးထိ လာရောက်လည်ပတ်ခဲ့ (၂၉/၅/၂၀၂၅-MRTV)
-ONE Friday Fights 110 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းနှင့် ထွန်းမင်းအောင်တို့၏ တွဲဆိုင်းများ ပါဝင်မည် (၂၉/၅/၂၀၂၅-MRTV)
-ငမိုးရိပ်ရေလှောင်တမံမှ နွေစပါး (၃၅,၉၅၂) ဧကအတွက် အောက်ရေနှင့် ရန်ကုန်မြို့ သောက်သုံးရေအတွက် နေ့စဉ် ရေဂါလန်သန်း ၁၃၀ ပို့လွှတ်နေ (၂၉/၅/၂၀၂၅-MRTV)
-၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အမြန်လမ်းမကြီးတစ်လျှောက်တွင် ယာဉ်မတော်တဆမှုပေါင်း (၆၇)မှု ဖြစ်ပွားခဲ့ (၂၉/၅/၂၀၂၅-MRTV)
-မြန်မာ့အာမခံလုပ်ငန်းမှ ကျန်းမာရေးအာမခံ MI’s Health Care ကို Plan (၅) ခုဖြင့် ၂၀၂၄ ခုနှစ် မေလ (၃၁)ရက်နေ့မှ လက်ရှိအချိန်အထိ အစောင်ရေပေါင်း (၄၀၀)ကျော် ရောင်းချပေးခဲ့ (၂၉/၅/၂၀၂၅-MRTV)
-ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင်ပေါင်း (၁,၅၀၀)အထိ ရှိလာ (၂၉/၅/၂၀၂၅-MRTV)