Myanmar
၂၀၂၅ ခုနှစ် မေ ၃၀ ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ် (၃၀/၅/၂၀၂၅-MRTV)
-တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ဧက (၂၂၀,၀၀၀)ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိ (၃၀/၅/၂၀၂၅-MRTV)
-ရန်ကုန်မြို့ရှိ အင်းယားကန်တွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲသို့ အသင်း (၁၂) သင်း အားကစားသမားပေါင်း (၂၈၇ )ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိ (၃၀/၅/၂၀၂၅-MRTV)
-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၅) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်၊ ပိုးသတ်ဆေးအမျိုးပေါင်း (၁၈၅) မျိုးအား အတည်ပြုပေးနိုင်ရေး စိစစ်ဆွေးနွေး (၃၀/၅/၂၀၂၅-MRTV)
-ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းများ တိုက်ခက်မှုကြောင့် လျှပ်စစ်မီးတိုင်နှင့် အိမ်များပျက်စီးဆုံးရှုံး (၃၀/၅/၂၀၂၅-MOI)
-အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ (၃၀/၅/၂၀၂၅-MOI)
-ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ၊ ပိုးသတ်ဆေး အမျိုးပေါင်း(၁၈၅)မျိုးအား အတည်ပြုပေးနိုင်ရေး စိစစ်ဆွေးနွေးပွဲကျင်းပ (၃၀/၅/၂၀၂၅-MRTV)