Connect with us

Myanmar

၂၀၂၅ ခုနှစ် မေ ၇ ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈ဝ) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ (၇/၅/၂၀၂၅-MOI)

-ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ (၇/၅/၂၀၂၅-MOI)

-ကန့်ဘလူခရိုင်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည် (၇/၅/၂၀၂၅-MOI)

-မုံရွာမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်ထားသည့် Camp နှစ်ခုတွင် သင်ခန်းစာများကို Revision စနစ်ဖြင့် ပြန်လည်လေ့ကျင့် သင်ကြားလျက်ရှိ (၇/၅/၂၀၂၅-MRTV)

-မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ပျဉ်းမနားမြို့နယ်၊ တောင်သာရပ်ကွက် လေသာကျောင်းတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ (၇/၅/၂၀၂၅-MRTV)

-ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်းရှိ နှင်းပုလဲနှင့် တောင်စွန်းဘူတာအကြား ရထားတံတားပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး (၇/၅/၂၀၂၅-MRTV)

-ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ နေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ပံ့ပိုးငွေများပေးအပ် (၇/၅/၂၀၂၅-MRTV)

-မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးမှ သံအမတ်ကြီး H.E.Mr.Mongkol Visitstump အားလက်ခံတွေ့ဆုံ (၇/၅/၂၀၂၅-MOI)

-နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့်ကျောင်းများအစား ယာယီကျောင်းဆောင်များ ဆောက်လုပ်လျက်ရှိရာ (၇၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ် (၇/၅/၂၀၂၅-MRTV)