Myanmar
၂၀၂၅ ခုနှစ် မေ ၈ ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၉၈ ကီလို ဖမ်းဆီးရမိ (၈/၅/၂၀၂၅-MOI)
-မဟာအောင်မြေကျောက်မျက်ရတနာဈေးတွင် ပြည်ပဝယ်လက်များ ရောက်ရှိလာတော့မည် (၈/၅/၂၀၂၅-MRTV)
-မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် EMI အဖွဲ့မှ ပညာရှင်များ ငလျင်ဘေးဒဏ်သင့် အဆောက်အအုံများကို ပူးပေါင်းစစ်ဆေး (၈/၅/၂၀၂၅-MRTV)
-ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ (၈/၅/၂၀၂၅-MOI)
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သောက်သုံးရေရရှိရန်နှင့် ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး
(၈/၅/၂၀၂၅-MOI)
-မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း၊ ရှေးဟောင်းအဆောက်အအုံများ (၆၀)ရာခိုင်နှုန်း ပျက်စီးခဲ့သည့်အတွက် ပြန်လည်ပြုပြင်နိုင်ရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိ (၈/၅/၂၀၂၅-MOI)
-မင်းဘူးမြို့ နဂါးပွက်တောင်တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဘုရားခန်း၊ စောင်းတန်းနှင့် အစ်မတော်၊ မောင်တော်
အဆောင်များ ပြန်လည်ပြုပြင်သွားမည်
(၈/၅/၂၀၂၅-MRTV)
-နေပြည်တော်ကောင်စီနယ်မြေအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများအား လေ့ကျင့်သင်ကြားရေးစခန်း (Camp) (၅၁)ခု ဖွင့်လှစ်သင်ကြားပေးလျက်ရှိ (၈/၅/၂၀၂၅-MRTV)
-တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၂) ကြိမ်မြောက် လှူဒါန်းသည့် အောက်တိန်း (92) ၁၇၀၀၀ တန်အား လွှဲပြောင်းလက်ခံ (၈/၅/၂၀၂၅-MOI)
-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ် (၈/၅/၂၀၂၅-MOI)