Myanmar
၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade 12 ကျောင်းသား/ကျောင်းသူများ ယနေ့မှစ၍ စာမေးပွဲများပြန်လည်ဖြေဆို (၁၆/၆/၂၀၂၅-MRTV)
-ဒေသရင်းမျိုးစိတ် မြန်မာ့ရွှေသမင်များ မျိုးသုဉ်းမျိုးဆက်မပြတ်စေရန် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ် (၁၆/၆/၂၀၂၅-MRTV)
-ကုန်သွယ်ရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့ အထိ Online Sales မှတ်ပုံတင်လက်မှတ် လျှောက်ထားမှု (၂၁၁၈၈)စောင် ရှိပြီဖြစ် (၁၆/၆/၂၀၂၅-MRTV)
-ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံများ ဖြစ်ခဲ့မှုနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်များအား ရှင်လင်းတင်ပြ (၁၆/၆/၂၀၂၅-MOI)
-နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ် အတွင်းရှိ သမဝါယမ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧက (၉၀၀၀)ကျော်အတွက် မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေး (၁၆/၆/၂၀၂၅-MRTV)
-ငါး/ပုစွန် မွေးမြူရေးအစာတောင့်များ ထုတ်လုပ်ရာ၌ ပြည်တွင်းထွက်ကုန်ကြမ်းများ ပိုမိုအသုံးပြုနိုင်ရေးကြိုးပမ်း (၁၆/၆/၂၀၂၅-မြန်မာ့အလင်း)
-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၅ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ (၁၆/၆/၂၀၂၅-မြန်မာ့အလင်း)