Connect with us

Myanmar

မြန်မာနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလထက်နောက်မကျပဲ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိုရမ်-Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်း သာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဥ် (ဓာတ်ပုံ-information team)

နေပြည်တော်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ယခုနှစ် ဒီဇင်ဘာလမှ လာမည့်နှစ် ဇန်နဝါရီလအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပရန် စီစဥ်နေကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဇွန် ၂၆ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ဇွန် ၂၅ ရက်ကစ၍ နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် ငြိမ်းချမ်းရေးဖိုရမ်-Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်း သာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လိုအပ်သည့် တိုင်းရင်းသားအခွင့်အရေးများနှင့် နိုင်ငံရေးတောင်းဆိုမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ၎င်းက အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အကျိုးစီးပွားကို အတတ်နိုင်ဆုံး စွမ်းဆောင်နိုင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

ဇွန် ၂၅ ရက်မှ ဇွန် ၂၇ ရက်အထိ ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ကို ပံ့ပိုးကူညီရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်တွင် ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် တက်ရောက်လာကြသည့် ပါ၀င်သင့်ပါ၀င်ထိုက်သူများသည် ၎င်းတို့၏ အမြင်နှင့် အတွေ့အကြုံများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးကြမည်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော အကြံပြုချက်များကို ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူဖြစ်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.