Myanmar
၂၀၂၅ ခုနှစ် ဇွန် ၂ ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်၍ အိမ်ထောင်စု (၈၀၀)ကျော်တို့အား ကူညီကယ်ဆယ်ဆောင်ရွက်ထား (၂/၆/၂၀၂၅-MRTV)
-၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ယနေ့ ဇွန်လ (၂)ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည် (၂/၆/၂၀၂၅-MRTV)
-တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၀)ခု၊ အမေရိကန်ဒေါ်လာ (၁၀ ဒသမ ၆၇)သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၄၂)ခု၊ မြန်မာကျပ်ငွေ (၁၃၅)ဘီယီယံကျော် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုထား (၂/၆/၂၀၂၅-MRTV)
-၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများအနက် ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်ပြိုင်ပွဲများကို ရှမ်းပြည်နယ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ (၂/၆/၂၀၂၅-MRTV)
-အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စုစုပေါင်း (၈၉)ကျောင်း ဖွင့်လှစ်သင်ကြားပေးမည် (၂/၆/၂၀၂၅-MRTV)
-ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် ကျားမျိုးစိတ်များမှ မျိုးစိတ်နှစ်မျိုး မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် ရှင်သန်ကျက်စားလျက်ရှိ (၂/၆/၂၀၂၅-MRTV)
-အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးရှိကျေးရွာပေါင်း (၁၉၀)ကျော်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ငွေကျပ် (၂.၄၇၄၅)ဘီလီယံဖြင့် ဆောင်ရွက်မည် (၂/၆/၂၀၂၅-MRTV)
-မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်များ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် (၂/၆/၂၀၂၅-မြန်မာ့အလင်း)
-ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှုနှင့် Fabricated Modular House များ တပ်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး (၂/၆/၂၀၂၅-မြန်မာ့အလင်း)
-နေပြည်တော်၌ အကြိမ် (၇၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ (၂/၆/၂၀၂၅-မြန်မာ့အလင်း)