Myanmar
မြန်မာနိုင်ငံတွင် နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်အား ပယ်ဖျက်

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို ယနေ့ (ဇူလိုင် ၃၁ ရက်) တွင် ကျင်းပပြီး နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်အား ပယ်ဖျက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးဖြစ်ကြောင်းကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံတင်ပြခဲ့သော အစီရင်ခံစာအားလက်ခံရရှိပြီးဖြစ်၍ အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီမှ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်အမှတ်၊ ၁/၂၀၂၁ ကိုပယ်ဖျက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ နိုင်ငံရေးအခြေအနေများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီ ၁ ရက်က အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အာဏာကိုလွှဲအပ်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။ (Xinhua)