Connect with us

Myanmar

၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-ဇူလိုင်လတစ်လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းသုံးသောင်းကျော် တင်ပို့ထားပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ (၁၁/၈/၂၀၂၅ – MRTV)

-၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိ အထည်ချုပ်လုပ်ငန်းများမှ ယခင်နှစ်ကာလထက် အမေရိကန်ဒေါ်လာ (၁၇၁ ဒသမ ၃၄၇) သန်း ပိုမိုရရှိခဲ့ (၁၁/၈/၂၀၂၅ – MRTV)

-သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်သည့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်း စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနား တက်ရောက် (၁၁/၈/၂၀၂၅ – MRTV)

-ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ကွင်းတွင် ဘော်လီဘောဒိုင်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ (၁၁/၈/၂၀၂၅ – MRTV)

-မြန်မာ့ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်မှုဆိုင်ရာစီးပွားရေးဖိုရမ်(ဒုတိယနေ့)၌ မြန်မာ့သနပ်ခါး Heritage Campaign ပြုလုပ် (၁၁/၈/၂၀၂၅ – မြန်မာ့အလင်း)

-ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကျင်းပ (၁၁/၈/၂၀၂၅ – မြန်မာ့အလင်း)

-အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပ် ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက တီမောလက်စ်တေ အမျိုးသမီးအသင်းကို (၃)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ (၁၀/၈/၂၀၂၅- MOI)

-၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးနင်းပွဲ ကျင်းပ (၁၀/၈/၂၀၂၅- MRTV)

-နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော် လေးလအတွင်း ဝင်ရောက်လာ (၁၁/၈/၂၀၂၅ – MRTV)

-ရန်ကုန်-ပဲခူးခရီးစဉ်အတွက် DEMU ရထားတစ်စင်း ထပ်တိုးပြေးဆွဲ (၁၁/၈/၂၀၂၅ – MRTV)

-အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) မှ အဋ္ဌမမြောက် Airbus “ပြင်ဦးလွင်” ဟုအမည်တွင်သော လေယာဉ်အသစ်ရောက်ရှိခြင်းအား ကြိုဆိုခြင်းအခမ်းအနား ကျင်းပ (၁၁/၈/၂၀၂၅ – MRTV)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.