Connect with us

Myanmar

၂၀၂၅ ခုနှစ် ဩဂုတ် ၁၂ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ပွင့်လန်းသာယာ လန်ချန်း – မဲခေါင် ဂေဟာ ရုပ်သံမှတ်တမ်းအစီအစဉ် ရိုက်ကူးမည့်
တရုတ်နိုင်ငံ ကွမ်ရှီး ရုပ်သံရိုက်ကူးရေးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ (၁၂/၈/၂၀၂၅-မြန်မာ့အလင်း)

-ဓနုဖြူမြို့နယ် အုပ်ချုပ်ရေးမှူးဖလား တိုက်နယ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ဩဂုတ်လ(၁၀)ရက်နေ့မှ စက်တင်ဘာလ (၉)ရက်နေ့အထိ ကျင်းပမည် (၁၂/၈/၂၀၂၅ – MRTV)

-ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါး(၁၂၇,၈၉၃)ဧက လျာထားစိုက်ပျိုးမည် (၁၂/၈/၂၀၂၅ – MRTV)

-ရက်ကန်းပညာ တိမ်ကောပပျောက်မှု မရှိစေရန် သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြားပေးမည် (၁၂/၈/၂၀၂၅ – MRTV)

-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော်ဈာပန အခမ်းအနား ကျင်းပ (၁၁/၈/၂၀၂၅ – MRTV)

-လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ (၁၂/၈/၂၀၂၅ – MRTV)

-ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြခြင်း အခမ်းအနားတက်ရောက် (၁၂/၈/၂၀၂၅ – မြဝတီ)

-စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် (၁၂/၈/၂၀၂၅ – MOI)