Connect with us

Myanmar

မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များကို ကြေညာ

ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များ ထုတ်ပြန်ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-NDSC)

ရန်ကုန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
ယနေ့ (ဩဂုတ် ၁၅ ရက်) တွင် ကြေညာခဲ့ကြောင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုနှစ်အတွင်း ကျင်းပမည့် လွှတ်တော်အသီးသီး အတွက် မဲဆန္ဒနယ်များမှာ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ဖြင့် ကျင်းပမည့် ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၃၀ နယ်နှင့် ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP) ဖြင့် ကျင်းပမည့် အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၁၀ နယ် ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွတ်တော်များအတွက် မဲဆန္ဒနယ် ၃၆၄ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် တိုင်းရင်းသား မဲဆန္ဒနယ် ၂၉ နယ်တို့ ပါဝင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.