Connect with us

Myanmar

မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) အတွက် မြို့နယ် ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲစတင်ကျင်းပမည်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သေ မြို့နယ်များ သတ်မှတ်ကြေညာချက်အားတွေ့ရစဉ်(ဓာတ်ပုံ- NDSC)

ရန်ကုန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) အတွက် မြို့နယ် ၁၀၂ မြို့ နယ်တွင် ရွေးကောက်ပွဲ စတင်ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ (ဩဂုတ် ၂၀ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်သည် ကချင်ပြည်နယ်တွင် ၆ မြို့နယ်၊ ကယားပြည်နယ် တွင်၂ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၃ မြို့နယ်၊ ချင်းပြည်နယ်တွင် ၂ မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄ မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ၉ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၈ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၈ မြို့နယ်၊ မွန်ပြည်နယ်တွင် ၅ မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ၃ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၈ မြို့နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေတွင် ၈ မြို့နယ်တို့ ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်ကြောင်း သိရသည်။(Xinhua)