Connect with us

Myanmar

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ယနေ့(စက်တင်ဘာ ၁၁ ရက်) ထုတ်ပြန်သော သတင်းအရ သိရသညါ။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် သတင်းအရ ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ်တစ်စီးအား စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သော အက်တက်စီဆေးပြား ၁၁,၂၀၀ ပြား(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆,၇၂၀)၊ Happy Water ၈ ကီလိုဂရမ်(၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၉,၆၀၀)နှင့် ကက်တမင်း ၀ ဒသမ ၀၉ ကီလိုဂရမ်(၎င်းဒေသတန်ဖိုးငွေကျပ် ၂၇ သိန်း)၊ စုစုပေါင်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၆၃၄၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ် ဆေးဝါးများ သယ်ဆောင်လာသည့် အမျိုးသား၂ ဦးကို စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများအား သာစည်မြို့နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်၍ KTV၊ BAR နှင့် CLUB များတွင် လူငယ်များအားရောင်းချရန် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.