Myanmar
၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက် အတွက် မြန်မာနိုင်ငံပြည်တွင်းသတင်းကောက်နုတ်ချက်

-စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး အသင်းမှကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေး ဈေးရုံရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားတက်ရောက် (၈/၉/၂၀၂၅-MOI)
-မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက် (၈/၉/၂၀၂၅-MOI)
-မွန်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသများအား သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးနိုင်စေရန် ၂၀၂၅ ခုနှစ် မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကျင်းပ (၈/၉/၂၀၂၅-MRTV)
-ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် တစ်အုပ်တစ်မစိုက်ခင်းများဖြင့် တည်ထောင်ဆောင်ရွက်ထားလျက်ရှိ (၈/၉/၂၀၂၅-MRTV)
-နမ့်စန်မြို့ လွိုင်စန့်ကျေးရွာတွင် 33/11 KV (5) MVA ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ကျေးရွာ (၁၇)ရွာသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် (၈/၉/၂၀၂၅-MRTV)
-ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်အတွင်း လျှပ်စစ်သုံးယာဉ် (EV) (၂)ဘီး၊ (၃)ဘီးဆိုင်ကယ်များကို Semi Knocked Down (SKD) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်လျက်ရှိ (၈/၉/၂၀၂၅-MRTV)
-(၁၉)ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲသို့ မြန်မာနိုင်ငံမှ ခရီးသွားပြခန်း ပါဝင်ပြသခဲ့ (၈/၉/၂၀၂၅-MRTV)
-မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသော နိုင်ငံသားပိုင်ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် (၄) ခုတို့တွင် ဆောင်ရွက်ထား (၈/၉/၂၀၂၅-မြန်မာ့အလင်း)
-ရန်ကုန်တိုင်းဒေသကြီးရှိ မြစ်ရေတင်လုပ်ငန်းများမှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နွေစပါးနှင့် အခြားသီးနှံ စုစုပေါင်း ဧက ၂၀၁၀၀ စိုက်ပျိုးရေပေးဝေရန် လျာထားဆောင်ရွက် (၈/၉/၂၀၂၅-MOI)
-မြန်မာနိုင်ငံအနေဖြင့် စာမတတ်သူ ပပျောက်ရေးလှုပ်ရှားမှုများကို ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ယူနက်စကိုအဖွဲ့မှ ချီးမြှင့်သည့် မိုဟာမက်ရီဇာပလာဗီဆုနှင့် နိုမာဆုများ ရရှိခဲ့ (၈/၉/၂၀၂၅-MRTV)