Culture & Entertainment
မြန်မာနိုင်ငံ၏ အထင်ကရ ဘုရားတစ်ဆူဖြစ်သော ရွှေတိဂုံဘုရားသို့ ၂၀၂၅ ခုနှစ်တွင် ဘုရားဖူးလာရောက်သူ ၆.၉၅ သန်းကျော်ရှိ
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရွှေတိဂုံစေတီတော်ကို ၂၀၂၅ ခုနှစ်အတွင်း ဘုရားဖူးလာရောက်သူ ၆.၉၅ သန်းကျော်ရှိကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၉ ရက်တွင် ပြောသည်။
ဘုရားဖူးဧည့်သည်များအနက် အရေအတွက် ၇၆,၀၀၀ ကျော်မှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၂၄ ခုနှစ်တွင် ဘုရားဖူးဧည့်သည် ၈.၆၅ သန်းကျော်ဝင်ရောက်ခဲ့ပြီး ယင်းအနက် နိုင်ငံခြားသားခရီးသွားဧည့်သည် ၉၀,၀၀၀ ကျော် ရှိခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်ထက် ဘုရားဖူးခရီးသွားဧည့်သည် ပိုများခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို နေ့စဉ် နံနက် ၄ နာရီ မှ ည ၁၀ နာရီ အထိဖွင့်လှစ်ထားကြောင်း သိရသည်။ (Xinhua)
