Connect with us

Myanmar

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်း ဧက ၃၀၀ ကျော်ဖျက်ဆီး

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဘိန်းခင်းဖျက်ဆီးနေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီ ၃ ရက်က ဘိန်းစိုက်ခင်းစုစုပေါင်း ၃၁၁ ဧကခန့် ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၅ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၃ ရက် နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့ရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လုံမြို့နယ် ဟဲနန်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇၅ ဧကခန့်ကိုလည်းကောင်း၊ အလားတူ နံနက် ၈ နာရီ ၃၅ မိနစ်မှ မွန်းလွဲ ၁ နာရီအထိ မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းဖြတ်မြို့နယ် လန်းဆတ်ကျေးရွာအုပ်စု မိုးညှင်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းခင်း ၄၅ ဧကခန့်ကိုလည်းကောင်း၊ အလားတူ နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ် လုံဟေးကျေးရွာအုပ်စု ထီဗောက်လွတ်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၉ ဧကခန့်ကိုလည်းကောင်း၊ အလားတူ နံနက် ၉ နာရီ မိနစ် ၂၀ မှ ညနေ ၄ နာရီခွဲအထိ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့နယ် မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု ခမ်းရှန့်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၃၅ ဧကခန့်ကိုလည်းကောင်း၊ အလားတူ နံနက် ၉ နာရီ မိနစ် ၄၀ မှ မွန်းလွဲ ၃ နာရီခွဲအထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ် ဘန့်ဗွီးကျေးရွာအုပ်စု၊ ထီတယမ်းကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၅ ဧကခန့်ကိုလည်းကောင်း၊ အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်မှ ညနေ ၄ နာရီခွဲအထိ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ် ကတ်ဖကျေးရွာအုပ်စု ပါခါး(အောက်) ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ကိုးဧကခန့်ကိုလည်းကောင်း၊ အလားတူ နံနက် ၁၀ နာရီ မိနစ် ၄၀ မှ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အထိ မိုင်းဆတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု ခကြားတိုကျေးရွာ၊ ကျအူဖုရားကျေးရွာနှင့် ဖားကျူးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅၃ ဧကခန့်ကိုလည်းကောင်း၊ အလားတူ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ် လိမ်းညားကျေးရွာအုပ်စု လိန်းဗွားကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅၂ ဧကခန့်ကိုလည်းကောင်း ဖျက်ဆီးရှင်းလင်းခဲ့ပြီး ယင်းနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အထိ မိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းတုံမြို့နယ် လွယ်ခမ်းလုံကျေးရွာအုပ်စု နောင်လဲကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ရှစ်ဧကခန့်ကိုလည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ (Xinhua)