Connect with us

Culture & Entertainment

၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ

မြန်မာနိုင်ငံ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသော ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကားပြောကြားနေစဉ် (ဓာတ်ပုံ - MRTV)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံးရုပ်ရှင် အမျိုးသားဇာတ်ဆောင်ဆုကို မြင့်မြတ်က မြေစာ ဇာတ်ကားဖြင့်လည်းကောင်း၊ အမျိုးသမီးဇာတ်ဆောင်ဆုကို ရတနာဗိုက မောင့်မိဖုရား ဇာတ်ကားဖြင့်လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင် အမျိုးသားဇာတ်ပို့ဆုကို နေမျိုးအောင်က မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ် ဇာတ်ကားဖြင့် လည်းကောင်း၊ အမျိုးသမီးဇာတ်ပို့ဆုကို ခိုင်နှင်းဝေက မောင့်မိဖုရား ဇာတ်ကားဖြင့်လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

ထို့ပြင် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအဖြစ် ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုအဖြစ် သီလံ (မောင့်မိဖုရား) ၊ အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆုအဖြစ် ဩရသ (ဗြောသံ) ၊ ရုပ်ရှင်တစ်သက်တာဆုများအဖြစ် ဦးဌေးအောင်၊ ဒေါ်ခင်လေးဆွေ၊ ဦးကြည်စိုးထွန်းတို့အားလည်းကောင်း၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုအဖြစ် သားကျော် (နှင်းပွင့်စေရာ) ၊ အကောင်းဆုံးရုပ်ရှင်တေးဂီတဆုအဖြစ် ဟန်ထူးဇင် (မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်) ၊ အကောင်းဆုံးရုပ်ရှင်အသံဆုအဖြစ် ကိုဂျိုး (နတ်ဝင်သည်) ၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုအဖြစ် ခွန် (မြို့ပြထဲကလမ်းမ) စသည်တို့ အပါအဝင် ထူးချွန်ဆုများအသီးသီးကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်၌ ကျင်းပစဉ် (ဓာတ်ပုံ – MRTV)

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်၌ ကျင်းပစဉ် (ဓာတ်ပုံ – MRTV)

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်၌ ကျင်းပစဉ် (ဓာတ်ပုံ – MRTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.