Connect with us

Myanmar

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ဦးညိုစောကို ရွေးချယ်တင်မြှောက်

မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပသော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၌ ပါဝင်သည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ တက်ရောက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညိုစောအား ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ယနေ့ (မတ် ၃၁ ရက်) ကျင်းပသည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေး၌ ဒုတိယသမ္မတအဖြစ် ဦးညိုစောကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
ယင်းနေ့တွင်ပင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ကလည်း ၎င်းတို့အသီးသီးရွေးချယ်ထားသော ဒုတိယသမ္မတလောင်းများမှ ဒုတိယသမ္မတ တစ်ဦးစီ ရွေးချယ်တင်မြှောက်ခဲ့သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒမဲအများစုဖြင့် ဒုတိယသမ္မတအဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒေါ်နန်းနီနီအေးကို ဒုတိယသမ္မတအဖြစ် လည်းကောင်း အသီးသီးရွေးချယ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးဖြင့် ဖွဲ့စည်းထားသည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် အဆိုပါ ဒုတိယသမ္မတ (၃) ဦးထဲမှ တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ (Xinhua)