Connect with us

Myanmar

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၇.၈ သန်း သိမ်းဆည်းရမိ

မကွေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးမိသော စိတ်ကြွရူးသွပ်ဆေးပြားနှင့် တရားခံများအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးအတွင်း စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၇.၈ သန်း ကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဧပြီလ ၄ ရက်က မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မော်တော်ယာဉ် နှစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှ အဆိုပါ စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်၊ အမ်းမြို့သို့ သယ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသား ၃ ဦး ကို အမှုဖွင့် အရေးယူဆောင်ရွက်မည်ဖြစ်ပြီး ကွင်းဆက်များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

မကွေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးမိသော စိတ်ကြွရူးသွပ်ဆေးပြားနှင့် တရားခံများအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)