Connect with us

Myanmar

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ ဦးမင်းအောင်လှိုင်ထံ ဂါရဝပြုတွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar)

နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ ဦးမင်းအောင်လှိုင်အား ဧပြီလ ၆ ရက်တွင် နေပြည်တော်၌ ဂါရဝပြုတွေ့ဆုံခဲ့ပြီး ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ (မတ် ၇ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ခြင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငလျင်ဘေးဒဏ်အလွန်ကာလ ပြန်လည်ထူထောင်ရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)