Myanmar
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
နေပြည်တော်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၁၅ ဒသမ ၀၂ ဘီလီယံခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားအရေအတွက် ၉၉ ဒသမ ၂၂ သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဧပြီ ၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးချက်များအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့မှ မန္တလေးမြို့သို့ သယ်ယူပို့ဆောင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ယင်း ဖမ်းဆီးရမိသူများအား အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကာ ဆက်စပ် ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ- CCDAC)
