နေပြည်တော်၊ ဩဂုတ်လ ၉ ရက် (ဆင်ဟွာ) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ယူနန်ပြည်နယ် Yuntianhua Group ကုမ္ပဏီလီမိတက်တို့၏ Yuntianhua ပညာသင်ဆု သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲနှင့် ပညာသင်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၉ ရက်နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ၂၀၂၃ ခုနှစ်မှ...
ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၃.၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC Myanmar) ၏ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တောင်ပိုင်းရှိ မြို့နယ်အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်ခဲ့ ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ထောင်နှင့်ချီသောလူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ရန်ကုန်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ) မြန်မာ့ဒေသရင်းမျိုးစိတ်ဖြစ်သည့် မြန်မာ့ကြယ်လိပ်သည် သဘာဝသစ်တောများတွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့သောကြောင့် ခြံလှောင်မျိုးပွားမွေးမြူရေးစနစ်ဖြင့် ထိန်းသိမ်းကာကွယ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံတွင် ကြယ်လိပ်စုစုပေါင်း ၁၄,၃၂၁ အကောင်အထိ တိုးပွားလာကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မှ ညွှန်ကြားရေးမှူး ဦးသန့်ဇော်ဦးကဆင်ဟွာသို့ ဩဂုတ် ၄...
နေပြည်တော်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို ပိုမိုမြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အား ယနေ့ ဩဂုတ်လ ၃ ရက်တွင် ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော အမိန့်များအရ သိရသည်။ အဆိုပါ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးအချို့ကိုလည်း အပြောင်းအလဲ ပြုလုပ်ထားကြောင်း...
ရန်ကုန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တောင်ပိုင်းပြည်နယ်အချို့တွင် မြစ်ရေများသည် စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေသော ကြောင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်များထုတ်ပြန်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ပြောသည်။ “မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ မုတ်သုံအားကောင်းခဲ့တာပါ။ မုတ်သုံအားကောင်းတဲ့အတွက် မြစ်ချောင်းတွေမှာရေတွေပြည့်လာပြီး ရေကြီးရေလျှံမှုတွေဖြစ်လာတာပါ” ဟု...
ရန်ကုန်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ယနေ့ (ဩဂုတ် ၂ ရက်) ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ အဖွဲ့ဝင် ဦးမောင်ကိုနှင့် ဒေါက်တာ အောင်ကျော်မင်းတို့ကို ဖွဲ့စည်းပုံအခြေခံ...
ရန်ကုန်၊ ဩဂုတ်လ ၁ ရက် (ဆင်ဟွာ) ဓမ္မစကြာအခါတော်နေ့ (ယနေ့) ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းလုံးရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/အကျဉ်းသူ ၇၇၄၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသူများ၏ မြင်ကွင်းများကို ဖော်ပြအပ်ပါသည်။ (Xinhua)
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၇၇၀၀ ကျော်ကို ယနေ့( သြဂုတ် ၁ ရက် ) ဓမ္မစကြာအခါတော်နေ့တွင် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သော အမိန့်အရ သိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ဓမ္မစကြာအခါတော်နေ့တွင် အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊...
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် (ဟောင်း) ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်ချမှတ်ထားသည့် အမှုများအနက် အမှုတစ်ချို့အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ယနေ့( သြဂုတ် ၁ ရက်) တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သောအမိန့်များအရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ...