Connect with us

Politics, Law & Military

ကရင်နှစ်သစ်ကူးနေ့က ပေးသည့် သင်ခန်းစာကို ယူပြီး ပြည်ထောင်စု ကောင်းကျိုး ဝိုင်းဝန်း ဆောင်ရွက်ရန် နိုင်ငံတော် အတိုင်ပင်ခံ တိုက်တွန်း

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတွင် သဘာပတိ ဦးမန်းဝင်းခိုင်သန်း အဖွင့် အမှာစကား ပြောနေစဉ်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုူးသား နှစ်သစ်ကူးနေ့က ပေးလာသည့် သင်ခန်းစာကို ရယူပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သာယာ ဝပြောရေးနှင့် ပြည်ထောင်စု ကောင်းကျိုးအတွက် တိုင်းရင်းသား အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းစကား ပြောကြားခဲ့သည်။

“ကရင်အမျိုးသားတွေရဲ့ နှစ်သစ်ကူးနေ့နဲ့ပတ်သက်လို့ရှိရင် အများကြီး စဉ်းစားစရာ သင်ခန်းစာ ယူစရာတွေ တွေ့မြင်ရပါတယ်၊ ကရင်နှစ်သစ်ကူးဟာ ကောက်သစ်စားတဲ့နေ့ကို အခြေခံပြီး ပေါ်ပေါက်လာတယ်ဆိုတော့ ပျိုးခဲ့တဲ့ ပျိုးပင်တွေကနေ ထွက်ပေါ်လာတဲ့ အသီးအပွင့်တွေကို စားသောက်ပြီး အကျိုးကို ခံစားရတဲ့ နေ့လို့ပြောလို့ရှိရင် မမှားပါဘူး၊ ကျွန်မတို့ဗုဒ္ဓဘာသာ အရဆိုရင်တော့ ကံ ကံ၏ အကျိုးလို့ပြောမှာပေါ့၊ ခရစ်ယာန် သမ္မာကျမ်းစာမှာလည်း ကြဲတဲ့ မျိုးစေ့အတိုင်းပဲ ပျိုးပင်ကို ရိတ်ရလိမ့်မယ်လို့ ပါပါတယ်။ ကျွန်မတို့အားလုံးဟာ ကျွန်မတို့လုပ်သလိုပဲ ကျွန်မတို့ခံစားရမှာပါပဲ။ အဲဒါဟာ ကျွန်မတို့နိုင်ငံအတွက် ကျွန်မတို့ပြည်ထောင်စု အတွက် အင်မတန်မှ လေးလေး နက်နက်ထားရမယ့် သင်ခန်းစာလည်း ဖြစ်ပါတယ်၊ ကျွန်မတို့လုပ်သမျျှ ခံစားရမယ်၊ ကောင်းတာ လုပ်လို့ရှိရင် ကောင်းကျိုးကို ခံစားရမယ်၊ ဒါကြောင့် ကျွန်မတို့ အားလုံးဟာ ပြည်ထောင်စု ကောင်းကျိုးအတွက် ဝိုင်းပြီးတော့ လုပ်ဖို့လိုတယ် ဆိုတာကို နှလုံးသွင်းဖို့လိုပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့နံနက်ပိုင်း၌ ကျင်းပခဲ့သည့် ကရင်အမျိုူးသား နှစ်သစ်ကူးနေ့ အခမ်းအနား တွင် အခမ်းအနား သဘာပတိ ဖြစ်သည့် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက အဖွင့် အမှာစကား ပြောကြားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က နှစ်သစ် ဆုတောင်းစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “အားလုံးက ဝိုင်းဝန်းပြီးတော့ ညီညွတ်ရေးအတွက် ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုကြီး သာယာ ဝဖြိုးရေးအတွက် လုပ်မယ်ဆိုလို့ရှိရင် နောင်နှစ်တွေ နှစ်တွေမှာ နှစ်သစ်ကူး အချိန် ကာလ မှာတင် မက တစ်နှစ်လုံး တစ်ရက်ချင်း တစ်ရက်ချင်းစီမှာ ကျွန်မတို့ ပျိုးခဲ့တဲ့ ပျိုးပင်လေးတွေကနေ ရရှိတဲ့ အသီး အပွင့်တွေကို ကျွန်မတို့ခံစားရမှာ စံစားရမှာ၊ ပျော်ရွှင်စွာနဲ့ တစ်နေ့ချင်း တစ်နေ့ချင်းဟာ ပိုပြီးတော့ ကောင်းလာတဲ့ နေ့သစ်တွေ ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ကျေနပ်ရမှာ ဖြစ်ပါတယ်၊ နောင်လာ နောက်သားတွေ အတွက် ကျွန်မတို့ အခု ဒီအချိန်အခါမှာ ပျိုးခဲ့တဲ့ ငြိမ်းချမ်းရေး မျိုးစေ့ လေးတွေရဲ့ အသီး အပွင့်တွေကို ဆက်ပြီးတော့ ခေတ် အဆက်ဆက် စံစား ခံစား ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ အားလုံးဟာ နောင် မျိုးဆက်တွေ အတွက် စဉ်းစားပြီးတော့ ကရင်အမျိုးသားများရဲ့ အင်မတန်မှ ချစ်ဖွယ်ကောင်းတဲ့ နှစ်သစ်ကူးက ပေးတဲ့ သင်ခန်းစာ တွေကို နှလုံးသွင်းပြီးတော့ အားလုံးအတူ လက်တွဲပြီး တော့ ပြည်ထောင်စုကြီး ခိုင်မာ သာယာ ဝပြောအောင်လို့ လုပ်နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့ရင်း နိဂုံးချုပ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.