Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေများအား စိစစ်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး ကျင်းပမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေများကို စိစစ်ရာတွင် မည်သည့်အတွက်ကြောင့် သုံးစွဲရသည်၊ မည်သည့် နေရာများတွင် သုံးစွဲရသည်ကို ယခု ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့မှ သဘောတူညီရန် လိုအပ်သလို ပွင့်လင်း မြင်သာမှု နှင့် တာဝန်ခံမှု ရှိရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(JCB) အစည်းအဝေးအား ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပခဲ့ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ပေါင်းစပ် ညှိနှိုင်းရေး လုပ်ငန်းစဉ်သည် အထူးအရေးကြီးကြောင်း၊ နိုင်ငံတကာ က ထောက်ပံ့သည် ဖြစ်စေ၊ ပြည်တွင်း အလှူရှင်များက ထည့်ဝင် လှူဒါန်းသည် ဖြစ်စေ နိုင်ငံသူနိုင်ငံသားများကို လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေကို နိုင်ငံတော် အစိုးရ တစ်ခုတည်းက ပိုင်ဆိုင်ခြင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန NRPC က ပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသား အားလုံးက ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း၊ အလှူရှင်များက လှူဒါန်း လိုက်ပြီးသည့် နောက်တွင် ပြည်သူပိုင် ဖြစ်သွားပြီ ဖြစ်ကြောင်း JCB ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အတူ ရန်ပုံငွေ လုံလောက်မှု မရှိ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းမျိုး မဖြစ်ရန် လိုအပ်သလို မလိုအပ်ဘဲ အပိုကုန်ကျမှုများ မရှိရန်လည်း လိုအပ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထိုအစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုး ထားပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာ အစီအစဉ်များ၊ အတည်ပြုထားပြီး ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ JCB ၏ တာဝန်နှင့် ဝတ္တရားများကို အခြေခံ၍ လုပ်ငန်းအဖွဲ့များ၊ ရုံးအဖွဲ့များဖွဲ့စည်းထားရှိဆောင်ရွက်ရေး၊ JCB ၏ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲအတည်ပြုရေး၊ လတ်တလော လိုအပ်ချက်များကို အလေးပေး ခွင့်ပြုနိုင်ရေး စသည်တို့ကိုဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.