Connect with us

Politics, Law & Military

ဇီးကုန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်နေရာတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အနိုင်ရရှိ

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးနေစဉ် (ဓာတ်ပုံ-သရေစည်သူ ဦးဥာဏ်ထွန်း Facebook)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အစိုးရ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဇီးကုန်းမဲဆန္ဒနယ်မှ ယှဉ်ပြိုင်ခဲ့ရာတွင် မဲအရေ အတွက် ၂၄,၉၅၂ မဲဖြင့် အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ယနေ့ ညနေ ၆ နာရီ တွင် ထုတ်ပြန် ကြေညာ လိုက်သည်။

အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စာရင်းကို ကြေညာရာ ၆၇ ယောက် အနိုင်ရရှိခဲ့ပြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ၉ ယောက် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ၄၅ ယောက် ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၁ ယောက်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှ ၇ ယောက်၊ ကိုးကန့် ဒီမိုကရေစီ နှင့် ညီညွတ်ရေးပါတီ မှ ၁ ယောက်၊ တစ်သီးပုဂ္ဂလ ၁ ယောက် နှင့် ရခိုင်အမျိုးသားပါတီမှ ၃ ယောက် အနိုင်ရရှိခဲ့သည်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီးတို့မှ အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စာရင်းအား ကြေညာခဲ့ခြင်း ဖြစ်သည်။

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းသည် စစ်တက္ကသိုလ် အမှတ်စဉ် ( ၁၆ ) ကျောင်းဆင်း တစ်ဦး ဖြစ်ပြီး ကိုယ်ပိုင် အမှတ်စဉ်မှာ (ရေ – ၁၁၉၆ ) ဖြစ်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ် ( ရေ ) ရာထူး၌ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် ပထမဦးဆုံး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

တပ်မတော်(ရေ)တွင် ဒုတိယဗိုလ် အဆင့်မှ ဗိုလ်ချုပ်ကြီး အဆင့် အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် တက်ရောက်နေစဉ်မှာပင် အိတ်ချ် ဂျီပီ ၊ အာအယ်လ် သင်တန်း တက်ရောက် ဖြေဆိုခဲ့ရာ မြန်မာ တစ်နိုင်ငံလုံး ပထမ ရရှိခဲ့သူဖြစ်သည်။

သူရသီဟ ဦးတင်အောင်မြင့်ဦး ကျန်းမာရေး အရ အနားယူခဲ့စဉ် ဦးဉာဏ်ထွန်းသည် ဒုတိယ သမ္မတအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ဇီးကုန်း မဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသက်နိုင်ထွန်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ (Xinhua)