Connect with us

Politics, Law & Military

နိုင်ငံတကာ ဆက်သွယ်ရေးလမ်းနှင့် ပြည်ထောင်စု လမ်းများကို ဦးစားပေး အဆင့်များခွဲ၍ ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ဘုရင့်နောင် လမ်းမကြီးတွင် မော်တော်ယာဉ်များ သွားလာနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းနှင့် ပြည်ထောင်စု လမ်းများကို ဦးစားပေး (၁) အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ချင်းဆက် လမ်းများကို ဦးစားပေး (၂) အဖြစ်လည်းကောင်း၊ ခရိုင်/ မြို့နယ်ချင်းဆက် လမ်းများကို ဦးစားပေး ( ၃) အဖြစ် လည်းကောင်း စသည် ဖြင့်ခွဲခြားပြီး (၅) နှစ် စီမံကိန်း၊ နှစ် (၂၀) စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိရာတွင် ပထမဦးစားပေး လမ်းများကို အာဆီယံ လမ်းမကြီးများအဆင်‌့ (၂) ဖြစ်သည့် (၂၄) ပေအကျယ် ကတ္တရာ လမ်းအဆင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် မှ ယနေ့ လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဒုတိယ နှင့် တတိယ ဦးစားပေး လမ်းများကို အနည်းဆုံး (၁၂) ပေအကျယ် ကတ္တရာလမ်း အဆင့်အဖြစ် လည်းကောင်း၊ နိုင်ငံတကာနှင့် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင်ရှိသည့် တံတားများကိုလည်း အမြဲတမ်း သံကူ ကွန်ကရစ် တံတားများအဖြစ် လည်းကောင်း တည်ဆောက်သွား မည်ဖြစ်ပြီး ထိုသို့ လမ်းများကို ဦးစားပေး အဆင့်အလိုက် လုပ်ငန်းများ ဆောင်ရွက်သည့် အခါတွင် လမ်းနယ်နမိတ်များကို သတ်မှတ်ထားရှိမှုများမှာ အမြန်လမ်းမကြီးကို (၄၀၀) ပေ၊ နိုင်ငံတကာ ဆက်သွယ်ရေး လမ်းမကြီးကို (၂၃၀) ပေ၊ ပြည်ထောင်စု လမ်းမကြီးကို (၁၅၀) ပေ၊ တိုင်းဒေသကြီး/ ပြည်နယ် နှင့် ခရိုင် / မြို့နယ်ချင်းဆက် လမ်းများကို (၁၅၀)ပေ နှင့် မြို့နယ်/ ကျေးရွာချင်းဆက် လမ်းများကို (၁၀၀) ပေ ဖြစ်ကြောင်း၊ လမ်းနယ်နိမိတ်နှင့် ပတ်သက်ပြီး ဖော်ပြပါအတိုင်း သတ်မှတ်ထားသော်လည်း မြို့တွင်း လမ်းများအတွက် လမ်းနယ်နိမိတ်ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက် နေ့တွင် ပြဋ္ဌာန်း ပြီးဖြစ်သဖြင့် လမ်းမကြီးများ ဥပဒေပုဒ်မ ၁၀-က တွင် ဖော်ပြထား သည့်အတိုင်း ဥပဒေများ၏ အကျိုးသက်ရောက်မှုတို့ကိုပါ ထည့်သွင်းစဉ်းစား၍ သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် လမ်းများကို လမ်းအင်္ဂါရပ်များ၊ နည်းပညာဆိုင်ရာ စံညွှန်းသတ်မှတ်ချက်များ (Technical Specifications) အနေနှင့် ဆောင်ရွက်ရမည့် လမ်းနယ်နိမိတ်၊ လမ်းသား၊ အမာခံလမ်းပုခုံး၊ လမ်းဘေးရေမြောင်း၊ ကန့်လန့်ဖြတ် ရေမြောင်း၊ အကာအကွယ်တိုင်နှင့် လမ်းသတိပေး ဆိုင်းဘုတ်များကို လမ်းနယ်နိမိတ်အတွင်း သတ်မှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြို့တွင်း၊ ရွာတွင်း အပိုင်းများတွင် လမ်းမကြီးများ တိုးချဲ့ဖောက်လုပ် မည်ဆိုပါက လမ်းမကြီးများ မတည်ဆောက်မီက ဆောက်လုပ်ထားသည့် အဆောက်အဦများကို ဖယ်ရှားမည်မဟုတ်ဘဲ လက်ရှိတည်ရှိ နေသည်‌့အတိုင်းသာ ထားရှိမှာဖြစ်ပြီး သတ်မှတ်ထားသည့် လမ်းနယ်နိမိတ်အတွင်း ကျူးကျော် ဝင်ရောက်လာသည့် အိမ်ရာ အဆောက်အဦး များကိုလည်း လမ်းမကြီးများ ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဟုဆိုသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင် လမ်းအရှည် (၉၈,၉၉၃) မိုင် ရှိသည့်အနက် လမ်းမိုင်ပေါင်း (၂၄,၉၃၄) မိုင် (၆)ဖာလုံ၊ ရာခိုင်နှုန်းအားဖြင့် (၂၆) ရာခိုင်နှုန်းခန့်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်ရသည့် လမ်းများမှာ ကတ္တရာလမ်းအဆင့်( ၅၁) ရာခိုင်နှုန်း ၊ ကျောက်လမ်း၊ အမာခံလမ်း၊ မြေလမ်းအဆင့် (၄၉) ရာခိုင်နှုန်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.