Connect with us

Politics, Law & Military

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး ဝက်(ဘ်) ဆိုက်လွှင့်တင်ပြီ


ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၏ ဝက်(ဘ်) ဆိုက် www.unionsupreme.com.gov.mm ကို အင်္ဂလိပ၊် မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင်လိုက်ပြီဟု သိရသည်။

နိုင်ငံ၏ အရေးပါသော ဝက်(ဘ်) ဆိုက် တစ်ခုဖြစ်လာသည်။ တရားလွှတ်တော်ချုပ်ရုံး ၏ ဝက်(ဘ်)ဆိုက်တွင် လက်ရှိကျင့် သုံးနေသော မူဝါဒ ရေးရာများ တရားဥပဒေ စနစ်ဆိုင်ရာ အကြောင်းအရာများ နှင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် ဆိုင်ရာ အကြောင်းအရာများ ကိုလေ့လာနိုင်မည် ဖြစ်သည်။

ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ အများယုံကြည်ကိုးစားတဲ့ တရားစီရင်ရေး စနစ်တစ်ခု ပေါ်ထွန်းလာစေဖို့ အမှုအခင်းတွေ ကို မှန်မှန်နဲ့ မြန်မြန် ဆုံးဖြတ်နိုင်ဖို့ နဲ့ တရားရုံးတွေရဲ့ ဂုဏ်သိက္ခာ မြှင့်တင်ဖို့၊ အစရှိတဲ့ ရည်ရွယ်ချက်တွေကို အဓိကထားပြီး ဝက်(ဘ်)ဆိုက်ကို လုပ်ခဲ့တာပါ” ဟု တရားလွှတ်တော်ချုပ် ရှေ့နေတစ်ဦးမှ ဆင်ဟွာသို့ပြောသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ချမှတ်ဆောင်ရွက်နေသည့် တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်းများ၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအကြောင်းနှင့် မှတ်တမ်း ဓါတ်ပုံများကိုပါ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး မြန်မာ ဥပဒေ စာအုပ်များကိုလည်း အတွဲလိုက် ဖတ်ရှုနိုင်မှာဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.