Politics, Law & Military
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ အလုပ်သဘော ခရီး သွားရောက်မည်

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ အလုပ်သဘော ခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ မကြာမီကာလ အတွင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် ၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံ (27th World Economic Forum on ASEAN) သို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံသို့ အလုပ်သဘောခရီး သွားရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)