Connect with us

Politics, Law & Military

မောင်တောမြို့နယ် တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး လုပ်ကြံခံရ၍ သေဆုံး

ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ကြံခံရသည့် နေရာပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ်၊ ရေခပ်ချောင်းရွာမှ ဂွဆုံရွာသို့ သွားရာလမ်း၊ ဂွဆုံရွာအဝင် ကိုက် ၅၀၀ ခန့်အကွာရှိ ရေချိုပုဇွန်ကန်အနီး လူသတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ဂွဆုံကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း အီဒရစ် ၄၀ နှစ် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၄ ရက် ည တွင် လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ အလောင်းအား စစ်ဆေးရာ လည်ပင်းဝဲဘက် ထိုးသွင်းလှီးဖြတ်ဒဏ်ရာ ၂ ချက်၊ ယာရင်အုံအောက်ဘက် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာနံကြား ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလက်ကောက်ဝတ် လှီးဖြတ်ဒဏ်ရာ ၁ ချက်တို့ဖြင့် ထိခိုက်သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ငါးခူရ နယ်မြေရဲစခန်းမှ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.