Connect with us

Politics, Law & Military

မြိတ်မြို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉ ရွက်နှင့် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့ နှင့် ငွေစက္ကူအတု ထုတ်သည့်ဆက်စပ်ပစ္စည်းအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

မြိတ်မြို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉ ရွက်နှင့် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ဧပြီလ ၃ ရက်နေ့ ၂၀း၁၅ နာရီ အချိန် တောင်ရှည်ခေတ္တနယ်မြေရဲစခန်းမှူးနှင့် အဖွဲ့သည် မြိတ်မြို့၊ ပလုံးကျေးရွာ၌ ဆိုင်ကယ်ဖြင့် လူငယ် ၂ ဦးသည် ငွေတုများ သုံးစွဲနေကြောင်း သတင်းအရ လိုက်လံ ရှာဖွေခဲ့ရာ ၂၃း၃၀ နာရီ အချိန်တွင် ကြေးနန်းတိုင်ကျေးရွာ ရွာထိပ်၌ သက်ပိုင်ဦး(ခ)လမင်းအောင်(၁၉)နှစ်နှင့် ဝတုတ်(ခ)သားကြီး(ခ) ညီညီကို(၃၅)နှစ်တို့အား တွေ့ရှိ ရပြီး ဝတုတ်(ခ)သားကြီး(ခ)ညီညီကိုမှာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး သက်ပိုင်ဦး (ခ)လမင်းအောင်အား ရှာဖွေစစ်မေးရာ ငွေစက္ကူအတုများ မတွေ့ရှိဘဲ ဝတုတ်(ခ) သားကြီး(ခ) ညီညီကိုနှင့်အတူ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉ ရွက်ဖြင့် ပလုံးကျေးရွာရှိ ဈေးဆိုင် ၇ ဆိုင်မှ ဆေးလိပ်နှင့် ငွေဖြည့်ကတ်များ ဝယ်ယူခဲ့ကြောင်း သိရှိရ၍ အဆိုပါဆိုင်များမှ ငွေစက္ကူ အတု ၉ ရွက်အား သွားရောက်သိမ်းဆည်းခဲ့ပါသည်။ထို့နောက် ဧပြီလ ၄ ရက်နေ့ ၀၃း၄၅ နာရီ အချိန်တွင် သက်ပိုင်ဦး(ခ)လမင်းအောင်(ဖမ်းမိ)နှင့် ဝတုတ်(ခ)သားကြီး(ခ)ညီညီကို(ဖမ်းမမိ)တို့အား တောင်ရှည်နယ်မြေရဲစခန်း(ပ) ၄/၂၀၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၀၃း၄၀နာရီ အချိန်တွင် မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့သည် တရားခံ သက်ပိုင်ဦး (ခ)လမင်းအောင်အား ခေါ်ဆောင်၍ ဝတုတ်(ခ)သားကြီး(ခ)ညီညီကို၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေခဲ့ရာ ဝတုတ်(ခ)သားကြီး(ခ)ညီညီကိုအား နေအိမ်၌ အသင့်တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အိပ်ခန်း အတွင်းမှ KBZ ဘဏ် ATM ကတ် ၁ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ ငွေဖြည့်ကတ် ၃ ခု(အသုံးမပြုရသေး)၊ ရောင်စုံမိတ္တူကူးစက် ၁ လုံး၊ ရောင်စုံဆေးဗူး ၂၇ ဗူး၊ အရှည် ၉ လက်မခန့် ကတ်ကြေး ၁ ချောင်း၊ A4စာရွက် ၃ ထုပ်၊ A4 အရွယ် ဖလင်ပြား အကြည် ၁ ချပ်၊ဝိုင်ဖိုင်ကြိုး ၁ ချောင်း၊မြန်မာငွေ ၄၈,၅၀၀ ကျပ်နှင့်ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.